Wednesday, February 6, 2013

မြန်မာ့ ဂီတ သမိုင်း ဂန္ထ၀င် တေးများ


မြန်မာ့ ဂီတ သမိုင်း ဂန္ထ၀င် တေးများ
ဂီတစာဆို - ဂီတနက်သန် ကိုစောညိန်း၊ ဂီတနက်သန် ဦးအုန်းလွင်
အလင်္ကာဖွဲ့ တီးခတ် ခံစားသူ - ဂီတနက်သန် ဦးအုန်းလွင်
(မြန်မာ ဂီတာ)
ရန်ဝင်း (တောင်တံခါး) စုဆောင်း မှတ်တမ်းတင်သည်

(၁) သစ္စာ
ဂီတစာဆို - ဂီတနက်သန် ကိုစောညိန်း
အလင်္ကာဖွဲ့ တီးခတ် ခံစားသူ - ဂီတနက်သန် ဦးအုန်းလွင်
(မြန်မာ ဂီတာ)
http://min.us/lMJMkWrkOjaIJ
ရန်ဝင်း (တောင်တံခါး) စုဆောင်း မှတ်တမ်းတင်သည်

(၂) ပွင့်ဦး
ဂီတစာဆို - ဂီတနက်သန် ကိုစောညိန်း
အလင်္ကာဖွဲ့ တီးခတ် ခံစားသူ - ဂီတနက်သန် ဦးအုန်းလွင်
(မြန်မာ ဂီတာ)
http://min.us/l8SMbqfv0ggw0
ရန်ဝင်း (တောင်တံခါး) စုဆောင်း မှတ်တမ်းတင်သည်

(၃) စံပယ်
ဂီတစာဆို - ဂီတနက်သန် ကိုစောညိန်း
အလင်္ကာဖွဲ့ တီးခတ် ခံစားသူ - ဂီတနက်သန် ဦးအုန်းလွင်
(မြန်မာ ဂီတာ)
http://min.us/lbdqiFGRFKoIfP
ရန်ဝင်း (တောင်တံခါး) စုဆောင်း မှတ်တမ်းတင်သည်

(၄) မိုးသက်လေနှင်
ဂီတစာဆို - ဂီတနက်သန် ကိုစောညိန်း
အလင်္ကာဖွဲ့ တီးခတ် ခံစားသူ - ဂီတနက်သန် ဦးအုန်းလွင်
(မြန်မာ ဂီတာ)
http://min.us/lUyTOLKrv9YUy
ရန်ဝင်း (တောင်တံခါး) စုဆောင်း မှတ်တမ်းတင်သည်

(၅) ချစ်နှင်းမှုန်မှုန်
ဂီတစာဆို - ဂီတနက်သန် ဦးအုန်းလွင်
အလင်္ကာဖွဲ့ တီးခတ် ခံစားသူ - ဂီတနက်သန် ဦးအုန်းလွင်
(မြန်မာ ဂီတာ)
http://min.us/lTd0FaRvOD7cO
ရန်ဝင်း (တောင်တံခါး) စုဆောင်း မှတ်တမ်းတင်သည်

(၆) ရတုဘုရင်
ဂီတစာဆို - ဂီတနက်သန် ကိုစောညိန်း
အလင်္ကာဖွဲ့ တီးခတ် ခံစားသူ - ဂီတနက်သန် ဦးအုန်းလွင်
(မြန်မာ ဂီတာ)
http://min.us/lU0Toxpndlw2g
ရန်ဝင်း (တောင်တံခါး) စုဆောင်း မှတ်တမ်းတင်သည်

(၇) သပြေရွက်ရေ
ဂီတစာဆို - ဂီတနက်သန် ကိုစောညိန်း
အလင်္ကာဖွဲ့ တီးခတ် ခံစားသူ - ဂီတနက်သန် ဦးအုန်းလွင်
(မြန်မာ ဂီတာ)
http://min.us/lqqyrdQIv3kem
ရန်ဝင်း (တောင်တံခါး) စုဆောင်း မှတ်တမ်းတင်သည်

(၈) လွမ်းတယ်လေ့
ဂီတစာဆို - ဂီတနက်သန် ကိုစောညိန်း
အလင်္ကာဖွဲ့ တီးခတ် ခံစားသူ - ဂီတနက်သန် ဦးအုန်းလွင်
(မြန်မာ ဂီတာ)
http://min.us/lZmFsrS87PGxT
ရန်ဝင်း (တောင်တံခါး) စုဆောင်း မှတ်တမ်းတင်သည်

(၉) ငွေဝန်းသော်တာ
ဂီတစာဆို - ဂီတနက်သန် ကိုစောညိန်း
အလင်္ကာဖွဲ့ တီးခတ် ခံစားသူ - ဂီတနက်သန် ဦးအုန်းလွင်
(မြန်မာ ဂီတာ)
http://min.us/lRnWPu6rw3hz2
ရန်ဝင်း (တောင်တံခါး) စုဆောင်း မှတ်တမ်းတင်သည်

(၁၀) ဆည်းဆာ
ဂီတစာဆို - ဂီတနက်သန် ကိုစောညိန်း
အလင်္ကာဖွဲ့ တီးခတ် ခံစားသူ - ဂီတနက်သန် ဦးအုန်းလွင်
(မြန်မာ ဂီတာ)
http://min.us/lAsUPuL7yrs1N
ရန်ဝင်း (တောင်တံခါး) စုဆောင်း မှတ်တမ်းတင်သည်

(၁၁) နွေဦး
ဂီတစာဆို - ဂီတနက်သန် ကိုစောညိန်း
အလင်္ကာဖွဲ့ တီးခတ် ခံစားသူ - ဂီတနက်သန် ဦးအုန်းလွင်
(မြန်မာ ဂီတာ)
http://min.us/lbqqGGHgfTh4PC
ရန်ဝင်း (တောင်တံခါး) စုဆောင်း မှတ်တမ်းတင်သည်

(၁၂) သည်ဆောင်းဟေမန်
ဂီတစာဆို - ဂီတနက်သန် ကိုစောညိန်း
အလင်္ကာဖွဲ့ တီးခတ် ခံစားသူ - ဂီတနက်သန် ဦးအုန်းလွင်
(မြန်မာ ဂီတာ)
http://min.us/lbaKhgIHzOFlqc
ရန်ဝင်း (တောင်တံခါး) စုဆောင်း မှတ်တမ်းတင်သည်

တေဘုမ္မာ တေးရေး- ကျိုက်လတ်ဦးပြုံးချို


သီဆိုသူ မူကွဲများ

(၁) ဒေါ်ခင်မြင့်
အဆုံးသတ် တေးထပ်က လယ်တီဆရာတော်ကြီး ရေးတဲ့ နိဗ္ဗိန္န တေးထပ်
http://www.youtube.com/watch?v=oDHO4M_Fnfw

(၂) ရတနာမြစ်
http://www.youtube.com/watch?v=opIEajoxGPQ

(၃) စိန့်ဂျွန်းခင်မေ
http://www.youtube.com/watch?v=sceNbtghZiM

(၄) မာမာအေး
http://www.youtube.com/watch?v=-qq5pkqBxAU

(၅) ရီရီသန့် (အတီး - စောင်းကောက်)
http://www.youtube.com/watch?v=HvPAO9w2GC4

(၆) ရီရီသန့် (အတီး - ၀ါးပတ္တလား)
http://www.youtube.com/watch?v=dhIywNbGNQ0

(၇) ရီရီသန့် (အတီး - လက်ဆွဲဘာဂျာ)
http://www.youtube.com/watch?v=jopfnYw1Tww

(၈) မောင်မောင်ကြီး၊ တင်တင်မြ၊ ရီရီသန့်
http://www.youtube.com/watch?v=mJeigV0XuqU

Tuesday, January 22, 2013

စန္ဒကိန္နရီ.... သီဆိုသူ နှင့် တီးမှုတ်သူ မူကွဲများ



စန္ဒကိန္နရီ
တေးရေး - သဟာယဆရာတင်
တေးဆို - မလှရွှေ
http://www.youtube.com/watch?v=8yy8UoBtBnU

စန္ဒကိန္နရီ
တေးရေး - သဟာယဆရာတင်
အတီး - စန္ဒယားအေ၀မ်းခင်မောင်
http://www.youtube.com/watch?v=LSxYfXz4U2I


စန္ဒကိန္နရီ
တေးရေး - သဟာယဆရာတင်
အတီး - စန္ဒယားဦးရည်နွယ်
http://www.youtube.com/watch?v=YD_hnQ5Cp8U


စန္ဒကိန္နရီ
တေးရေး - သဟာယဆရာတင်
အတီး - စန္ဒယားဦးရည်နွယ် နှင့် စူပါစတားတေးဂီတ
http://www.youtube.com/watch?v=CGsKlsLzRz0
စန္ဒကိန္နရီ
တေးရေး - သဟာယဆရာတင်
သီဆိုသူ နှင့် တီးမှုတ်သူ မူကွဲများ

ရန်ဝင်း (တောင်တံခါး) စုဆောင်း မျှဝေသည်

စန္ဒကိန္နရီ
တေးရေး - သဟာယဆရာတင်
တေးဆို - မလှရွှေ
http://www.youtube.com/watch?v=8yy8UoBtBnU

စန္ဒကိန္နရီ
တေးရေး - သဟာယဆရာတင်
အတီး - စန္ဒယားအေ၀မ်းခင်မောင်
http://www.youtube.com/watch?v=LSxYfXz4U2I


စန္ဒကိန္နရီ
တေးရေး - သဟာယဆရာတင်
အတီး - စန္ဒယားဦးရည်နွယ်
http://www.youtube.com/watch?v=YD_hnQ5Cp8U


စန္ဒကိန္နရီ
တေးရေး - သဟာယဆရာတင်
အတီး - စန္ဒယားဦးရည်နွယ် နှင့် စူပါစတားတေးဂီတ
http://www.youtube.com/watch?v=CGsKlsLzRz0

ကျေးစေတမန်...အတီး နှင့် သီဆိုသူ မူကွဲများ




ကျေးစေတမန်
တေးရေး - ရွှေပြည်အေး
အတီး - မယ်ဒလင်အေးပပလှိုင်
http://www.youtube.com/watch?v=yWuEv5Un5HQ

ကျေးစေတမန်
တေးရေး - ရွှေပြည်အေး
အတီး - တယောဦးတင်ရီ၊ မယ်ဒလင်ကိုမြင့်စိန်
http://www.youtube.com/watch?v=H9Hls0Ayn_8

ကျေးစေတမန်
တေးရေး - ရွှေပြည်အေး
အတီး - စောင်းမိုးမိုးရည်
http://www.youtube.com/watch?v=RTO8YjML3B0

ကျေးစေတမန်
တေးရေး - ရွှေပြည်အေး
အတီး - စောင်းသိန်းဖေ
http://www.youtube.com/watch?v=PdOOXfrUlp0

ကျေးစေတမန်
တေးရေး - ရွှေပြည်အေး
အတီး - စန္ဒယားလှထွတ်
http://www.youtube.com/watch?v=RGben8Qcs6A

ကျေးစေတမန်
တေးရေး - ရွှေပြည်အေး
အတီး - စန္ဒယားချစ်ဆွေ
http://www.youtube.com/watch?v=xRz2tW5UkYM

ကျေးစေတမန်
တေးရေး - ရွှေပြည်အေး
အတီး -အေ၀မ်းခင်မောင်
http://www.youtube.com/watch?v=dm1xHDkp4Vc

ကျေးစေတမန်
ဂီတစာဆို - ရွှေပြည်အေး
အတီး - စန္ဒယားမော်မော်ထွန်းညွန့်
တေးဆို - ထား
http://www.youtube.com/watch?v=36cpxR8_fZo

ကျေးစေတမန်
တေးရေး - ရွှေပြည်အေး
အတီး - Violin Concerto - တယောဦတင်ရီ နှင့် အဖွဲ့
http://www.youtube.com/watch?v=TJApXoEk3l4
ကျေးစေတမန်
တေးရေး - ရွှေပြည်အေး
အတီး နှင့် သီဆိုသူ မူကွဲများ

ရန်ဝင်း (တောင်တံခါး) စုဆောင်း မျှဝေသည်


ကျေးစေတမန်
တေးရေး - ရွှေပြည်အေး
အတီး - မယ်ဒလင်အေးပပလှိုင်
http://www.youtube.com/watch?v=yWuEv5Un5HQ

ကျေးစေတမန်
တေးရေး - ရွှေပြည်အေး
အတီး - တယောဦးတင်ရီ၊ မယ်ဒလင်ကိုမြင့်စိန်
http://www.youtube.com/watch?v=H9Hls0Ayn_8

ကျေးစေတမန်
တေးရေး - ရွှေပြည်အေး
အတီး - စောင်းမိုးမိုးရည်
http://www.youtube.com/watch?v=RTO8YjML3B0

ကျေးစေတမန်
တေးရေး - ရွှေပြည်အေး
အတီး - စောင်းသိန်းဖေ
http://www.youtube.com/watch?v=PdOOXfrUlp0

ကျေးစေတမန်
တေးရေး - ရွှေပြည်အေး
အတီး - စန္ဒယားလှထွတ်
http://www.youtube.com/watch?v=RGben8Qcs6A

ကျေးစေတမန်
တေးရေး - ရွှေပြည်အေး
အတီး - စန္ဒယားချစ်ဆွေ
http://www.youtube.com/watch?v=xRz2tW5UkYM

ကျေးစေတမန်
တေးရေး - ရွှေပြည်အေး
အတီး -အေ၀မ်းခင်မောင်
http://www.youtube.com/watch?v=dm1xHDkp4Vc

ကျေးစေတမန်
ဂီတစာဆို - ရွှေပြည်အေး
အတီး - စန္ဒယားမော်မော်ထွန်းညွန့်
တေးဆို - ထား
http://www.youtube.com/watch?v=36cpxR8_fZo

ကျေးစေတမန်
တေးရေး - ရွှေပြည်အေး
အတီး - Violin Concerto - တယောဦတင်ရီ နှင့် အဖွဲ့
http://www.youtube.com/watch?v=TJApXoEk3l4

Tuesday, January 15, 2013

အောင်စည်ရွမ်းသံ ကြားပြီထင့် ပြည်တော်ဝင်မယ်လေ



“အခါတော်ရောက်ချိန် နီးလို့လာပြီလေ
ဒေါ်ဒေါ် မမ နှမ တို့ရေ အသည်းစွဲ ချစ်မိတ်ဆွေ ခေတ္တ ခွဲလို့နေ
မြို့မနဲ့ အတူတကွ လိုက်ပါနိုင်စေ
အောင်စည်ရွမ်းသံ ကြားပြီထင့် ပြည်တော်ဝင်မယ်လေ”
ပြည်တော်ဝင်၊ အေဝမ်း ဆရာညှာ
ပြည်တော်ဝင် သီချင်းကို အေဝမ်း ဆရာညှာရေးသည့်အချိန်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးခါစ ဖြစ်လေသည်။ ၁၉၄၅ ခုနှစ်၊ မတ်လအတွင်းက ဗိုလ်မှူးကြီးဗထူး၏ တပ်များက မန္တလေးမြို့ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲပြီးသည့်နောက် စစ်ဘေးစစ်ဒဏ်သင့် မန္တလေးမြို့ကြီး အတွင်းသို့ မန္တလေးမြို့သူမြို့သားများ တဖွဲဖွဲဖြင့် ပြန်လည်ဝင်ရောက်လာချိန် ဖြစ်လေသည်။ အပျက်အစီးများကြားက မန္တလေးမြို့ကြီးကို ပြန်လည်တည်ဆောက်ကြရန် အားမာန်ပေးသော ပြည်တော်ဝင်သီချင်းကို အေဝမ်း ဆရာညှာ က မင်းကွန်း အရပ်ဒေသမှာ ရေးခဲ့လေသည်။
 အေဝမ်း ဆရာညှာ ခေါ် မန္တလာညှာ
ဒုတိယကမ္ဘာစစ်မီး မြန်မာပြည်အတွင်းသို့ ကူးစက်ဝင်ရောက်လာသောအခါ မန္တလေးမြို့သူမြို့သားများသည် စစ်ဘေးဒဏ်မှ လွတ်ရာလွတ်ကြောင်းအားဖြင့် မန္တလေးမြို့၏ အနောက်ဘက်မှ ဧရာဝတီမြစ်ကိုဖြတ်ကူးပြီး စစ်ကိုင်းတောင်ရိုး၊ မင်းဝံတောင်ရိုးနှင့် မင်းကွန်း အရပ်ဒေသရှိ သူတော်စင်များ သီတင်းသုံးရာ ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများတွင် ရတနာသုံးပါး၏ အရိပ်အာဝါသအောက်သို့ ပြေးခိုကြရလေသည်။ ဒေသအခေါ်အားဖြင့် ထိုကျောင်းများကို ‘ချောင်’ ဟု ခေါ်သည်။
ဧရာဝတီမြစ် တဖက်ကမ်းမှ စစ်ကိုင်းတောင်ရှုခင်း။ (ဓာတ်ပုံ၊ ရန်ဝင်း-တောင်တံခါး)

“တောင်တွေစိမ့်စမ်း၊ ချောင်တွေသိန်းသန်း၊ ခေမာသောင်ကမ်း တက်လှမ်း အောင်မြင်မြေ”
စစ်ကိုင်းတောင်၊ မြို့မငြိမ်း
“ဘုန်းဘုရားရဲ့အရိပ်ကို ခိုပါရစေ၊
ကြည်ဖြူရှာသလေ သနားမကင်းရှာဘူးထင့်၊
‘အေးလကွယ်နေကြလဟဲ့’ စိတ်တိုင်းကျ သင့်တော်သလိုနေ”
ထိုသုံးပါး၊ မြို့မငြိမ်း
 
မြို့မငြိမ်း
မြို့မငြိမ်း အပါအဝင် မြို့မအဖွဲ့သားများနှင့် မိသားစုများသည်လည်း စစ်ကိုင်းတောင်ရိုးရှိ နိဗ္ဗိန္ဒချောင်နှင့် အနီးအပါးရှိ ချောင်များတွင် ခိုနားနေကြရသည်။ သားသမီးပမာ ခင်တွယ်သော ဘင်ဂျို၊ တယော၊ မယ်ဒလင်၊ တာပလာဗုံ အစရှိသော တူရိယာပစ္စည်းများကိုလည်း ရသမျှယူဆောင်ခဲ့ကြသဖြင့် မြို့မအဖွဲ့သားများသည် အတီးအမှုတ် အလေ့အကျင့် မပြတ်လပ်ကြပေ။
‘ချစ်ခင်ကြတဲ့ အားလုံးမိတ်ဆွေ၊ နေ့တိုင်းပဲ သတိရတယ်လေ
ကျုပ်တို့မြို့မ အသင်းသားများတတွေ၊ တောင်ရိုးတန်း စစ်ကိုင်းဘက်မှာနေ
ကျန်းမာကြရဲ့လားလို့ မြို့မမောင် တတွေ ရွှေမန်းသူမေ မေးလိုက်သံတွေ
ကျန်းမာကြပါရဲ့လို့ မြို့မမောင် တတွေ ရွှေမန်းသူမေ ပြောလိုက်ပါလေ
စစ်ကိုင်းမှာပဲ စိတ်ကစွဲ နတ်ပြည်၊ တခါတလေတော့ မျှော်မှန်း တမ်းတ တတွေတွေ
ပြန်ချင်ဇောတွေ ရောက်ချင်ဇောနဲ့ စိတ်စောလို့သာနေ’
ပြည်တော်ဝင်၊ အေဝမ်း ဆရာညှာ
ဒုတိယကမ္ဘာစစ်ကြီးပြီးခါစ ၁၉၄၅ ခုနှစ် မတ်လ ၂၃ ရက်၊ သောကြာနေ့တွင် မန္တလေးမြို့သို့ပြန်ကြရန် ဆုံးဖြတ်ကြပြီးလျှင် မြို့မအဖွဲ့သားများသည် သုံးနှစ် သုံးမိုးခန့် နီးလျက်နှင့်ဝေးနေကြရသော မန္တလေးမြို့ကြီးသို့ ပြန်လည် ဝင်ရောက်ကြလေသည်။ အင်းဝတံတားကြီးမှာ စစ်အတွင်းက ပျက်စီးသွားခဲ့သဖြင့် ဧရာဝတီမြစ်ကို ကူးတို့ဖြင့်ကူးကာ တဖက်ကမ်းရှိ စံရွေးဆိပ်ကမ်းမှ စံရွေးဘူတာသို့ စုရပ်အဖြစ် ရောက်လာကြသည်။ ထိုမှတဆင့် စစ်သုံးလက်ကျန် ကားကြီးတစီးတွင် ရရာဆေးဖြင့် ‘မြို့မ ဗုဒ္ဓဝေယျာဝစ္စ တူရိယာအသင်းကြီး’ ဟု ရေးခြယ်ကာ စစ်ကိုင်း၊ မန္တလေး လမ်းမကြီးတလျောက် အမရပူရမြို့ကိုဖြတ်၍ မန္တလေးမြို့သို့ပြန်ကြသည်။ အေဝမ်း ဆရာညှာ၏ ပြည်တော်ဝင်သီချင်းကို သီဆိုတီးမှုတ် လာကြသော မြို့မအဖွဲ့ကြီးကို တလမ်းလုံးရှိ စစ်ဘေးဒဏ် ပြေးရှောင်ရာမှ အိမ်ပြန်နေကြသည့် ခရီးသွားအပေါင်းက သောင်းသောင်းဖြဖြ အားပေးကြိုဆိုကြလေသည်။
မန္တလေးမြို့သူမြို့သားများသည် မန္တလေးမြို့ကြီးကို အပျက်အစီးများအကြား ပြာပုံဘဝမှ ရှင်သန်ထမြောက်စေ၍ မြို့သစ်၊ ဘဝသစ်အဖြစ် ထူထောင်နေကြရာတွင် အေဝမ်း ဆရာညှာ၏ ပြည်တော်ဝင် သီချင်းကို မြို့မအဖွဲ့ကြီးက လှည့်လည် သီဆို တီးမှုတ်၍ အားမာန် တက်စေခဲ့ကြလေသည်။
“မန္တလေးဆို ရွှေမြို့ တို့ရတနာပုံနေပြည်
တင့်တယ်သာယာစည်ကား ဟိုတုန်းအခါကလေ
အဲဒါတွေ မတွေးနဲ့တော့၊ ရှေ့ဆက်ခါ စီမံ ကြံစို့လေ။
မေ့မေ့ပျောက်ပျောက် အောက်မေ့လို့နေ တိုက်တာအိမ်ခြေ စည်းစိမ်ရှင်တွေ
လူကြံရင်မခံနိုင်ဘူး အထူးပင်မှတ်ကြပေ၊
အရင်လို ပျော်ပျော် ရွှင်ရွှင်နေ မြို့မအသင်းကပြောမလေ
ဖြစ်ဟဲ့ဆို ဖြစ်ရမယ်တဲ့ တက်ခေတ်လူငယ်များ အားအင် တောင့်တင်းစေ”
ပြည်တော်ဝင်၊ အေဝမ်း ဆရာညှာ
၁၉၆၉ ခုနှစ် မေလအတွင်းက စစ်ကိုင်းမြို့တမြို့လုံး မီးဘေး အကြီးအကျယ်သင့်သောအခါ မြို့မအဖွဲ့ကြီးက စစ်ကိုင်းမြို့သို့သွားရောက်၍ အေဝမ်း ဆရာညှာ၏ ပြည်တော်ဝင် သီချင်းကိုပင် လှည့်လည်သီဆိုတီးမှုတ်ခါ စစ်ကိုင်း မြို့သူမြို့သားများကို အားပေးခဲ့ကြပြန်သည်။
ဒုတိယကမ္ဘာစစ်ကြီးအပြီး သင်္ကြန်ပွဲမှစ၍ သင်္ကြန်ပွဲတိုင်းတွင် အေဝမ်း ဆရာညှာ၏ ပြည်တော်ဝင် သီချင်းကို မြို့မအဖွဲ့ကြီးက ငွေငန်း သင်္ကြန်ယာဉ်ပေါ်တွင် မှတ်မှတ်ရရ သီဆိုတီးမှုတ်လာခဲ့ကြသည်မှာ ယနေ့ထက်တိုင်အောင်ပင်။
မောင်အေးမြင့် (မြန်မာမှုဒီဇိုင်းသုတေသီ)
ဆယ်စုနှစ်တနှစ်ကျော် ကာလကြာရှည်စွာ သင်္ကြန်ပွဲတိုင်း မြို့မအဖွဲ့ကြီးနှင့် ပူးပေါင်းပါဝင်ဖျော်ဖြေခဲ့သည့် စာရေးဆရာ၊ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင် ဝင်းဦးသည် ရှေးခေတ်က မြို့မအဖွဲ့ကြီး ပြည်တော်ဝင်ခဲ့သည့် လမ်းကြောင်းအတိုင်း စစ်ကိုင်းမြို့မှ မန္တလေးမြို့သို့ ခရီးတလျောက် မြို့မအဖွဲ့ကြီးနှင့်လိုက်ပါလျက် အေဝမ်း ဆရာညှာ၏ ပြည်တော်ဝင် သီချင်းကို ဂုဏ်ပြုသီဆိုခဲ့သည်မှာ နှစ်စဉ် နှစ်တိုင်း ဖြစ်ခဲ့လေသည်။
 ဒီဇိုင်း၊ ကိုကိုမြင့်။ အတာတေး နှင့် မန္တလေးသင်္ကြန်၊ အောင်အောင် (ယဉ်မွန်)
 
၂ဝ၁ဝ မန္တလေးသင်္ကြန် မှ မြို့မအဖွဲ့ကြီး (ဓာတ်ပုံ၊ ဒေါက်တာ လှခိုင် – မန္တလေး)
မြို့ကြီးများသည် ပြာပုံဘဝမှ ပြန်လည် စည်ပင်ဖွံ့ဖြိုးလာခဲ့လေသည်။ အပျက်အစီးများအကြားက ရုန်းကန်၍ ရှင်သန် ထမြောက် လာနိုင်ခဲ့ပေပြီ။ မည်သို့ပင် ဟောင်းနွမ်းပျက်စီးနေသည်ဖြစ်စေ၊ ပျက်အစဉ် ပြင်ခဏ ဆိုသကဲ့သို့ အပျက် သည် အကောင်း၊ အဟောင်း သည် အသစ် ဖြစ်နိုင်ပေ၏။ အေဝမ်း ဆရာညှာ၏ ပြည်တော်ဝင် သီချင်းသည် အပျက် အဟောင်း ကို အကောင်း အသစ် ဖြစ်စေရန် ပြန်လည်တည်ဆောက်ရာတွင် အားမာန်ကိုဆောင်ခဲ့ပေသည်။
“အခါတော်ရောက်ချိန် နီးလို့လာပြီလေ
ဒေါ်ဒေါ် မမ နှမ တို့ရေ အသည်းစွဲ ချစ်မိတ်ဆွေ ခေတ္တ ခွဲလို့နေ
မြို့မနဲ့ အတူတကွ လိုက်ပါနိုင်စေ
အောင်စည်ရွမ်းသံ ကြားပြီထင့် ပြည်တော်ဝင်မယ်လေ”
အေဝမ်း ဆရာညှာ
ပြည်တော်ဝင် ဆိုသည်မှာ ကိုယ့်တိုင်းပြည်၊ ကိုယ့်အရပ်သို့ အိမ်ပြန်ချိန်ပင် ဖြစ်လေတော့သည်။ ။



ရန်ဝင်း (တောင်တံခါး)
ဧပြီ ၃၀၊ ၂၀၁၀
အထူးကျေးဇူးတင်စွာဖြင့် ကိုးကားခြင်း
(၁) ပြည်သူချစ်သော အနုပညာသည်များ၊ လူထုဒေါ်အမာ၊ မေလ၊ ၁၉၆၄
(၂) တိမ်ယံအိပ်မက် မိုးထက်နရီ၊ ဆူးငှက်၊ စက်တင်ဘာ၊ ၂ဝဝ၇
(၃) အတာတေး နှင့် မန္တလေးသင်္ကြန်၊ အောင်အောင် (ယဉ်မွန်)၊ မတ်လ၊ ၂ဝဝ၁
(၄) မြို့မငြိမ်း နှင့် သူ့အနုပညာ၊ သန်းအောင်ခိုင်၊ ဒီဇင်ဘာ၊ ၁၉၉၇
(၅) မန္တလေးမြို့ အနှစ် တစ်ရာ့ငါးဆယ်ပြည့် အထိမ်းအမှတ် ဆောင်းပါးပေါင်းချုပ်
သီချင်းများ နားထောင်ရန် - ပြည်တော်ဝင်သီချင်း - ရာဇာဝင်းတင့်သီဆို
ပြည်တော်ဝင်သီချင်း - ၀င်းဦး သီဆို

မြို့မငြိမ်း ၏ တောင်သမန်သို့ တမ်းချင်း




“တောင်သမန်
ကြည်အင်းရေ လှိုင်းငွေ မြူးကာနေ
ညင်းလေယဉ် ပြေပြေ”

တောင်သမန်
မြို့မငြိမ်း (၁၉ဝ၉-၁၉၅၅)

ဂီတစာဆိုကြီး ဆရာမြို့မငြိမ်း ရေးဖွဲ့တဲ့ ‘တောင်သမန်’ သီချင်းကို အမရပူရမြို့ A.M.B.A မော်တော်ယာဉ် ရေသဘင်အဖွဲ့ကြီးက မြန်မာသက္ကရာဇ် ၁၃၁၁ ခုနှစ်၊ ခရစ်နှစ် ၁၉၄၉ ခုနှစ် ပြည်ထောင်စု သင်္ကြန်ပွဲကြီးမှာ တီးမှုတ်ခဲ့တယ်။

မန္တလေးမြို့ ပြည်ထောင်စုသင်္ကြန်ပွဲကြီးမှာ သင်္ကြန်ယာဉ်ကို စောင်းကောက်ပုံသဏ္ဍန် ဆင်ယင်ထားတဲ့ အမရပူရမြို့ မြို့ခံဇာတိ A.M.B.A မော်တော်ယာဉ် ရေသဘင်အဖွဲ့ကြီးကလည်း ပါဝင် ဆင်နွှဲခဲ့တယ်။ အဲဒီ သင်္ကြန်ယာဉ်ကြီးပေါ်က တီးဝိုင်းသမားတွေ တီးမှုတ်လာကြတဲ့ တီးလုံးကို ကြားလိုက်ကြရတဲ့အခါ အနောက်တိုင်းဖြစ် လေမှုတ်တူရိယာတွေနဲ့ အနောက်တိုင်းက တေးသွားကို တီးမှုတ်လာတယ်လို့ မှန်းဆကြရတယ်။

အနားကို သင်္ကြန်ယာဉ်ရောက်လာတဲ့အခါမှ တီဝိုင်းသမားတွေ တီးမှုတ်လာကြတဲ့ တူရိယာတွေက အရွယ်အမျိုးမျိုးရှိတဲ့ ဝါးပလွေတွေ၊ သားရေကျက်ထားတဲ့ သံစည်ပိုင်းပြတ်တလုံး၊ မန်ကျည်းစေ့တွေ ထည့်ထားတဲ့ ဘူးသီးခြောက်တလုံး၊ ထန်းသီးမှုတ်တလုံးနဲ့ နိုင်ငံခြားဖြစ်ဆိုလို့ ကလယ်ရီနက် တလက်သာပါတာကို အံ့သြစရာ တွေ့ကြရလေတယ်။

အဲဒီ ‘အေ အမ် ဘီ အေ’ ရေသဘင်အဖွဲ့ကြီးကို ဆရာမြို့မငြိမ်းက ဦးစီး စီစဉ်ခဲ့တယ်။ လက်ပေါက် ခြောက်ပေါက် ဝါးပလွေတွေကိုလည်း ဆရာမြို့မငြိမ်းနဲ့ အမရပူရမြို့က နှဲဆရာကြီး ဆရာထပ် တို့ တိုင်ပင် ဖန်တီးခဲ့ကြတယ်။

ပလွေသမားတွေကို အမှတ် ၁၊ ၂၊ ၃ လို့ နာမည်ပေးထားတဲ့ အုပ်စုသုံးစု ခွဲထားပြီး၊ သီချင်းတီးလုံးမှာ ကိုယ့်အစုနှင့်ကိုယ် ဝင်ရောက်မှုတ်ကြဖို့ ဆရာမြို့မငြိမ်းက စီမံခန့်ခွဲပေးထားပါတယ်။

တီးမှုတ်သူတွေကလည်း တူရိယာ ပညာရှင်တွေမဟုတ်ကြဘဲ ‘အေ အမ် ဘီ အေ’ မော်တော်ယာဉ် အသင်းသား သာမန်အရပ်သားများသာ ဖြစ်ကြတယ်။ ဆရာမြို့မငြိမ်းက ဂီတပညာဆိုလို့ ဘာတခုမှ သင်ကြားမထားကြတဲ့ အဲဒီ အရပ်သားတွေကို သီချင်းတပိုဒ်ချင်း အလွတ်ချပေးပြီး ပလွေမှုတ်ဖို့ လေ့ကျင့်ပေးခဲ့တယ်။ ဆရာမြို့မငြိမ်းရဲ့ မိတ်ဆွေဖြစ်ပြီး တပည့်လည်းဖြစ်တယ်လို့ ဆိုရမယ့် အမရပူရမြို့ ဇာတိ မြို့မ ဦးကိုလေး က ဦးဆောင်ပြီးမှုတ်တဲ့ ကလယ်ရီနက်နဲ့အတူ သီချင်းအလိုက်ကို ပလွေသမား ငါးဦးလောက်ကသာ သံပြိုင်မှုတ်ကြပြီး ကျန်တဲ့သူတွေက ကိုယ့်အလှည့်နဲ့ကိုယ် ဝင်ရောက်မှုတ်ကြတော့ အသံထုထည်ကို အခြေခံပြီး ဖွဲ့စည်းတဲ့ အနောက်တိုင်း ဂီတသံမျိုးဖြစ်လာတော့တယ်။

အနောက်တိုင်းဂီတ တီးဝိုင်းတခုမှာ ပါဝင်တဲ့ တူရိယာအားလုံးက မယ်လိုဒီ တခုလုံးကို သံပြိုင် တီးမှုတ်ကြတာတော့ မဟုတ်ပါ။ ဖန်တီးရှင် ဂီတစာဆိုက ဂီတ ဥပဒေတွေနဲ့အညီ သူ့ခံစားချက်တွေကိုပါ ပေါင်းစပ်ပြီး တူရိယာ တခုချင်းစီရဲ့ အဝင် အထွက်၊ အရပ် အနား၊ အတိုး အကျယ် သင်္ကေတတွေ အမျိုးမျိုးနဲ့ ဖွဲ့စည်းတာပါပဲ။

အကြမ်းဖျဉ်းဆိုရရင်တော့ အနောက်တိုင်းဂီတမှာ အသံထုထည်ကို ရဖို့အတွက် အခြေခံ အသံစဉ်တခုမှာပါတဲ့ မိတ်ဖက်သံတွေနဲ့ ဖွဲ့စည်းရပါတယ်။ ဥပမာအားဖြင့် စီ-မေဂျာ အသံစဉ်မှာ စီ၊ ဒီ၊ အီး၊ အက်ဖ်၊ ဂျီ၊ အေ၊ ဘီ ရယ်လို့ အသံ ၇ မျိုး ပါရှိတဲ့အထဲမှာ စီ-မေဂျာ အသံတွဲ ကော့ (ဒ်) (chord) ရဲ့ အဓိက ပါဝင်တဲ့ မိတ်ဖက်သံတွေက စီ၊ အီး နဲ့ ဂျီ ဖြစ်ပါတယ်။

မူလအခြေခံ (Fundamental) မေဂျာ အသံစဉ်တွေအတိုင်း လုပ်ထားတဲ့ စီ၊ အီး၊ ဂျီ ပလွေ သုံးလက်ကို တပြိုင်နက်ထဲ မှုတ်လိုက်တယ်ဆိုပါတော့။ အသံထုထည်ပါတဲ့ စီ-မေဂျာ ကော့ (ဒ်) အသံထုထည်ကို ကြားရပါမယ်။ 

 စီ၊ အီး၊ ဂျီ မေဂျာသံစဉ် ခြောက်ပေါက် ဝါးပလွေ သုံးလက်

အဲဒီ ‘တောင်သမန်’ သီချင်းရဲ့ မူရင်း မယ်လိုဒီ က ‘လက်တင်-အမေရိက’ နိုင်ငံခြားသံ စစ်စစ်ပါ။ မူရင်း သီချင်းက ၁၉၂၉ ခုနှစ်အတွင်းမှာ Ernesto Lecuona ရေးခဲ့တဲ့ ‘ဆီဘိုနေး’ (Siboney) လို့ခေါ်တဲ့ ကျူဘင် (Cuban) သီချင်းဖြစ်ပါတယ်။ 

 
Ernesto Lecuona
1895-1963 

 
‘ဆီဘိုနေး’ ဓာတ်ပြား က တံဆိပ်

‘ဆီဘိုနေး’ ဆိုတာက ကျူးဘား (Cuba) ကျွန်းနိုင်ငံက မြို့ကလေးတမြို့ရဲ့ နာမည်ပါ။ နောက်ပိုင်းခေတ်မှာတော့ ကျူးဘားနိုင်ငံတခုလုံးကို ကိုယ်စားပြုတဲ့ ဝေါဟာရ အဖြစ် အဓိပ္ပာယ်က ကျယ်ဝန်းသွားခဲ့ပါတယ်။ 

 
Alfredo Brito

၁၉၃၁ ခုနှစ်မှာ အယ်(လ်)ဖရက်ဒို ဘရစ်တို (Alfredo Brito) က စပိန်ဘာသာနဲ့ သီဆိုလိုက်ပြီးတဲ့နောက် ‘ဆီဘိုနေး’ သီချင်း နာမည်ကြီးသွားခဲ့ပါတယ်။ အဲဒီနောက်တော့ Caterina Valente, Xiomara Alfaro, Dizzy Gillespie, Percy Faith တို့က သီဆိုကြပြန်တယ်။

Connie Francis နဲ့ Bing Crosby တို့က အင်္ဂလိပ်ဘာသာနဲ့ သီဆိုကြပါတယ်။ ‘ဆီဘိုနေး’ လို့ နာမည်တပ်ထားပေမယ့် မူရင်း ‘ဆီဘိုနေး’ သီချင်းစာသားရဲ့ အဓိပ္ပာယ်ကို ကိုယ်စားမပြုတဲ့ အင်္ဂလိပ်ဘာသာနဲ့ မူကွဲသီချင်းတွေလည်းရှိပါသေးတယ်။ 

‘ဆီဘိုနေး’ သီချင်းရဲ့ မူရင်း အသံစဉ်က စီ-မေဂျာ အသံစဉ်ပါ။ အခြေခံ စည်းချက်က ‘ကလစ်ဆို’ စည်းချက် (Calypso Beat) ဖြစ်ပါတယ်။ ‘ကလစ်ဆို’ စည်းချက်ဆိုတာ ထရီနီဒက်နဲ့ တိုဘာဂိုနိုင်ငံတွေက အာဖရိက နဲ့ ဥရောပ ဇာတိဖွားတွေရဲ့ အေဖရို-ကရစ်ဘီယံ (Afro-Caribbean) ဂီတဝင် စည်းချက် ဖြစ်ပါတယ်။ ‘ကလစ်ဆို’ စည်းချက် အထဲက ရိုက်ချက်တွေကို နှေးနှေးပဲ တီးတီး၊ မြန်မြန်ပဲ တီးတီး အင်မတန်မှ မြိုင်မြိုင် ဆိုင်ဆိုင်ရှိလှပါတယ်။

‘ကလစ်ဆို’ စည်းချက် မူကွဲများ (Calypso Beat and Variations)
 တူရိယာများ Cowbell, Snare Drum, Bass Dram













အဲဒီ ‘ဆီဘိုနေး’ သီချင်းရဲ့ အနှစ်သာရက မွေးရပ်မြေနဲ့ အိမ်ကိုတမ်းတပြီး လွမ်းရတဲ့ ‘အိမ်ပြန်ချင်တဲ့ အလွမ်း’ လို့ ဆိုရပါမယ်။ စာဆိုရှင်က သူချစ်တဲ့ ‘ဆီဘိုနေး’ မြို့ကလေးကို သက်ရှိတဦးအဖြစ် သူ့ရဲ့ ချစ်သူပမာ တင်စားပြီး အချစ်နဲ့ အလွမ်းကို ဖွဲ့သွားပါတယ်။

SIBONEY
Ernesto Lecuona
(English Translation from Spanish)

“Siboney, I love you, I’m dying for your love
Siboney, I think of you while I fell asleep to the quiet song of the palm trees
I dream of how I love you, and how precious you are to me
Siboney, I dream of you while I fell asleep to the quiet song of the palm trees
Soboney of my dreams, if you don’t hear the complaint in my voice
Siboney, if I don’t see you soon. I’ll die of love
Soboney of my dreams, I stay at home and anxiously await you
Siboney, if I don’t see you soon. I’ll die of love
Hear the echo of my song resonating in the glass
Please, don’t get lost in dark wilderness”

‘ဆီဘိုနေး’ ရေ၊ မင်းကို ငါ ချစ်ပါတယ်ကွယ်။ မင်းရဲ့အချစ်ကို သေမတတ်လောက် စွဲလမ်းနေပါတယ်။
ထန်းပင်ကလေးတွေက တသိမ့်သိမ့်နဲ့ ငါ့ကို ချော့ပြီး သိပ်လို့ အိပ်မောကျနေရင်းတောင်မှ
မင်း အကြောင်းကို ငါ တွေးမိနေသေးတယ်။
‘ဆီဘိုနေး’ ရေ၊ မင်း ကို ငါက ဘယ်လောက် ချစ်တဲ့အကြောင်းနဲ့
မင်းကို ငါက ဘယ်လောက် တန်ဖိုးထားရကြောင်း ငါ အိပ်မက် မက်နေတယ်လေ။
‘ဆီဘိုနေး’ ရေ ငါ့ရဲ့ ညည်းတွားနေသံကလေးတွေကို မင်း မကြားရော့လေသလားကွယ်။
ငါ့အိပ်မက်ထဲက ‘ဆီဘိုနေး’ ရေ အလွမ်းဌာနေ အိမ်ကလေးဆီက
တမ်းတမ်းတတနဲ့ ငါ မင်းကို စောင့်နေပါတယ်ကွယ်။
မင်းနဲ့ မြန်မြန်သာ မတွေ့ရရင်တော့လေ အချစ်အတွက်နဲ့ပဲ ငါ့ အသက်ဆုံးရပါတော့မယ်ကွယ်။
ဖန်ခွက်ကလေးထဲမှာ လှုပ်ခါနေတဲ့ ငါ့ တေးသံရဲ့ ပဲ့တင်သံကလေးတွေကို မင်း ကြားပါစေတော့ကွယ်။
မှော်ရုံတောရဲ့အလယ်မှာ လမ်းမပျောက်ပါစေနဲ့ကွယ်။

 
ကျူဘင် တီးဝိုင်းက တူရိယာပညာရှင်တွေ

၁၉၄၉ ခုနှစ် အချိန်လောက်တုန်းက မြန်မာတွေ နားသိပ်မယဉ်လှသေးတဲ့ ‘ကလစ်ဆို’ စည်းချက်ကို ‘ဆီဘိုနေး’ သီချင်းရဲ့အလိုက် ‘တောင်သမန်’ သီချင်းနဲ့အတူ ဆရာမြို့မငြိမ်း က မြန်မာတွေရဲ့ နားတွေဆီအရောက် ပထမဆုံး ပို့ဆောင်ပြီး မိတ်ဆက်ပေးခဲ့ပါတယ်။ 

တောင်သမန်

“တောင်သမန်၊ ကြည်အင်း ရေလှိုင်းငွေ မြူးကာနေ၊ ညင်းလေယဉ် ပြေပြေ။
ထောင်ရောင်နေ၊ ရဝေနန်း အမရ ဘုန်းရောင်ရွှန်း ထွန်းခဲ့ပေ။
မော်တော်ယာဉ်၊ အေအမ်ဘီ ခေါ် အသင်းတော်သားများက မာပါစေ။
နိုင်ငံတော်၊ ညီရင်းအကိုများ တို့တိုင်းရင်းသားတွေ တအူတုံဆင်း ချစ်ခင်ရင်းနှီးကြတယ်လေ။
ထာဝစဉ် မေတ္တာဓာတ်တိုးစေ ဖြန်းဆွတ်သော သင်္ကြန်ရေ။”

 
မြို့မငြိမ်း
(၁၉ဝ၉-၁၉၅၅)

မူရင်း တီးလုံးမှာ ပါဝင်တဲ့ ဆက်ဆိုဖုံးတွေအစား ဆရာမြို့မငြိမ်းက ဝါးပလွေတွေကို သုံးခဲ့တာပါ။ ဘေ့(စ်)ဒရမ် (Bass Dram) အစား သံစည်ပိုင်းပြတ်နဲ့လုပ်တဲ့ ဗုံကြီးကို သုံးခဲ့လိမ့်မယ်လို့ မှန်းဆရပါတယ်။ ကောင်းဘဲလ် (Cowbell) အတွက် ထန်းစေ့မှုတ်၊ ရှိတ်ကာ (Shaker) အဖြစ် မန်ကျည်းစေ့တွေ ထည့်ထားတဲ့ ဘူးသီးခြောက်ကို အစားထိုးပြီး ဒိုးဆရာ မြို့မ ဦးထွန်းရင် က ‘ကလစ်ဆို’ စည်းချက်တွေနဲ့ တောင်သမန်သီချင်း ကို အသက်သွင်းခဲ့တာပါပဲ။

ဆရာမြို့မငြိမ်းက မူရင်း ‘ဆီဘိုနေး’ သီချင်းတီးလုံးရဲ့ မယ်လိုဒီ ကိုပဲယူခဲ့ပါတယ်။ ‘ဆီဘိုနေး’ သီချင်းမှာ အလွမ်း ဝေဒနာတွေက လွှမ်းခြုံနေပေမယ့် ‘တောင်သမန်’ သီချင်းထဲမှာတော့ ငွေရောင် လှိုင်းကြက်ခွပ်ကလေးတွေ လူးကာ လှိမ့်ကာ မြူးထူးလို့ ကြည်ကြည်လင်လင် တောင်သမန် အင်းရေပြင် အပေါ်မှာ ပြေးလွှား ဆော့ကစားနေတဲ့ လေပြေ လေညင်းကလေးတွေနဲ့အတူ မြူးမြူးကြွကြွ သင်္ကြန်ကာလရဲ့ အေးအေးမြမြ မေတ္တာဓာတ်တွေ က ထုံမွမ်းလို့ နေပါတယ်။ 

တွေ့မြင် နားဆင်နိုင်ခွင့် မကြုံကြိုက်လိုက်ရတဲ့ အတိတ်ကာလ အချိန်တုန်းက ဆရာမြို့မငြိမ်း ရဲ့ ‘တောင်သမန်’ ကို မှန်းဆ တမ်းတလို့သာ လွမ်းရပါတော့တယ်။ လွမ်းလို့ရေးဖြစ်တဲ့ ဒီ စာတို ပေစကလေးကိုတော့ ‘တောင်သမန် သို့ တမ်းချင်း’ ကလေးတခုပါပဲလို့ ဆိုကြပါစို့။




ရန်ဝင်း (တောင်တံခါး)
စက်တင်ဘာ ၁၂၊ ၂၀၁၁
ကိုးကားခြင်း နဲ့ ကျေးဇူး အထူးတင်ရှိခြင်း

(၁) Siboney/ youtube ဆီသို့ လမ်းညွှန်ပေးသော ဘိုဘိုလန်းစင်
(၂) ပြည်သူချစ်သော အနုပညာသည်များ၊ လူထုဒေါ်အမာ၊ မေလ၊ ၁၉၆၄
(၃) မြို့မငြိမ်းနှင့်သူ့အနုပညာ၊ သန်းအောင်ခိုင်၊ ဒီဇင်ဘာလ၊ ၁၉၉၇
(၄) ဝင်းဖေလွယ်အိတ်၊ မြို့မငြိမ်း အနုပညာ၊ ပန်းချီ၊ ဒါရိုက်တာ-ဦးဝင်းဖေ၊ ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာန
http://www.bbc.co.uk/burmese/burma/2011/07/110716_winpe_bag.shtml
(၅) www.wikipedia.com
(၆) www.studydrums.com